ကူးစက္ေရာဂါေတြကို တြန္းလွန္နိုင္ဖို႔ ခႏၶာကိုယ္ကို ကိုယ္ခံအားျမင့္တက္ေစတဲ့ အစားအစာမ်ား

ကူးစက္ေရာဂါေတြကို တြန္းလွန္နိုင္ဖို႔ ခႏၶာကိုယ္ကို ကိုယ္ခံအားျမင့္တက္ေစတဲ့ အစားအစာမ်ား

တစ္ကမၻာလုံးနီးပါး ႀကဳံေတြ႕ေနရတဲ့ ကူးစက္ေရာဂါကို ေၾကာက္ေနရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အေနနဲ႕ ယူနီဆက္ က အႀကံျပဳထားတဲ့ အခ်က္ေတြကိုလိုက္နာရမယ့္အျပင္ ကိုယ့္ရဲ႕ ခႏၶာကိုယ္ကို ကိုယ္ခံအားျမင့္တက္ေနေအာင္ ေနထိုင္စားေသာက္ဖို႔လည္း လိုအပ္တယ္ဆိုတာျငင္းလို႔မရတဲ့အခ်က္ပါ။

ဒါေၾကာင့္မို႔ ကြၽန္ေတာ္ ခႏၶာကိုယ္ကို သဘာဝနည္းနဲ႕ ကိုယ္ခံအားကို ျမင့္တက္ေစမဲ့ အစားအစာေလးေတြကိုမွ်ေဝေပးခ်င္ပါတယ္။ဗိုင္းရပ္စ္ေတြကို ခႏၶာကိုယ္က ျပန္လည္တိုက္ထုတ္နိုင္မယ့္ မီးဖိုေခ်ာင္ထဲက အစားအစာေတြက ဘာေတြမ်ားျဖစ္မလဲဆိုတာ ၾကည့္ရေအာင္ပါ။

ေရာဂါပိုမႊားေတြ ခႏၶာကိုယ္ထဲ ဝင္တဲ့အခါ ခႏၶာကိုယ္က ျပန္လည္တိုက္ထုတ္နိုင္ဖို႔ ကိုယ္ခံအား တက္ေနဖို႔ လိုအပ္ပါတယ္။ ကိုယ္ခံအားတက္ေစမယ့္ အစားအေသာက္ အေနအထိုင္ေတြရွိဖို႔လည္း လိုအပ္ပါတယ္။ ေဖာ္ျပထားတဲ့ လြယ္လင့္တကူ စားေသာက္နိုင္တဲ့ မီးဖိုေခ်ာင္ထြက္ ပစၥည္းမ်ားေတြက သင့္ရဲ႕ ကိုယ္ခံအားေတြကိုျမႇင့္တင္ေပးနိုင္ပါတယ္။

ၾကက္သြန္ျဖဴ – ၾကက္သြန္ျဖဴဟာ ကိုယ္ခံအားတက္ေစတဲ့ အေကာင္းဆုံး အစားအစာ ျဖစ္ပါတယ္။ အေအးမိ တုပ္ေကြးမ်ိဳးစုံကို သက္ေပ်ာက္ကင္းေစနိုင္ၿပီး ၊ အသက္ရႈလမ္းေၾကာင္း ေရာဂါေတြကိုလည္း ကာကြယ္ေပးနိုင္တဲ့ အစြမ္းသတၱိ ရွိပါတယ္။

ဂ်င္း – ဂ်င္းဟာလည္း မီးဖိုေခ်ာင္ထဲမွာ အလြယ္တကူ ရနိုင္တဲ့ အစားအစာ ျဖစ္ပါတယ္။ သူက ကိုယ္ခံအားကိုတက္ေစၿပီး အေအးမိ၊ ဖ်ားနာျခင္းနဲ႕ ေယာင္ယမ္းျခင္းေတြကိုပါ သက္သာေစတတ္ပါတယ္။နႏြင္း – ျမန္မာလူမ်ိဳးေတြ

ယုံၾကည္စြာ ေန႕စဥ္သုံးစြဲေနတဲ့ နႏြင္းရဲ႕ ေကာင္းက်ိဳးေတြက အမ်ားႀကီးပါ။အသားအရည္လွတယ္၊ ေသြးသားသန႔္စင္ေပးတယ္၊ ေသြးဖိအား က်ေစတယ္ စတာေတြ အျပင္ ကိုယ္ခံအား တက္ေစၿပီး ေရာင္ရမ္း ျခင္းေတြပါ သက္သာေစပါတယ္။

ၾကက္သြန္နီ – ၾကက္သြန္နီဟာလည္း ႏွာေရယိုျခင္း၊ ႏွာေစးျခင္း၊ အေအးမိျခင္းမ်ားအတြက္ ေကာင္းေစတဲ့ အစာတစ္ခုျဖစ္ပါတယ္။င႐ုတ္ေကာင္း – င႐ုတ္ေကာင္းဟာလည္း ဖ်ားနာျခင္းအတြက္ ေဆးဝါးေကာင္းတစ္ခုျဖစ္ပါတယ္။င႐ုတ္သီးစိမ္း – င႐ုတ္သီးစိမ္းေတာင့္ေတြဟာလည္း anti oxidants ေတြ အျပင္ Vitamin C ေတြ အလြန္ ႂကြယ္ဝတာမို႔ ကိုယ္ခံအား တက္ေစပါတယ္။

သံပရာ၊ သံပရို၊ လိေမၼာ္သီး – သံပရာ၊ သံပရို၊ လိေမၼာ္သီးေတြမွာလည္း vitamin C ေတြပါတာမို႔ ကိုယ္ခံအားတတ္ေစတဲ့အစားအေသာက္မ်ားျဖစ္ၾကပါတယ္။မုန္လာဉအနီ – ခါၾကက္ဉလို႔ ေခၚတဲ့ မုန္လာဉအနီေတြကလည္း ကိုယ္ခံအားတက္ေစတဲ့ ဓာတ္ေပါင္းေတြပါၿပီး အေအးမိ တုပ္ေကြးေတြအတြက္ေကာင္းပါတယ္။

Credit

Unicode

ကူးစက်ရောဂါတွေကို တွန်းလှန်နိုင်ဖို့ ခန္ဓာကိုယ်ကို ကိုယ်ခံအားမြင့်တက်စေတဲ့ အစားအစာများ

တစ်ကမ္ဘာလုံးနီးပါး ကြုံတွေ့နေရတဲ့ ကူးစက်ရောဂါကို ကြောက်နေရတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ယူနီဆက် က အကြံပြုထားတဲ့ အချက်တွေကိုလိုက်နာရမယ့်အပြင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကိုယ်ခံအားမြင့်တက်နေအောင် နေထိုင်စားသောက်ဖို့လည်း လိုအပ်တယ်ဆိုတာငြင်းလို့မရတဲ့အချက်ပါ။

ဒါကြောင့်မို့ ကျွန်တော် ခန္ဓာကိုယ်ကို သဘာဝနည်းနဲ့ ကိုယ်ခံအားကို မြင့်တက်စေမဲ့ အစားအစာလေးတွေကိုမျှဝေပေးချင်ပါတယ်။ဗိုင်းရပ်စ်တွေကို ခန္ဓာကိုယ်က ပြန်လည်တိုက်ထုတ်နိုင်မယ့် မီးဖိုချောင်ထဲက အစားအစာတွေက ဘာတွေများဖြစ်မလဲဆိုတာ ကြည့်ရအောင်ပါ။

ရောဂါပိုမွှားတွေ ခန္ဓာကိုယ်ထဲ ဝင်တဲ့အခါ ခန္ဓာကိုယ်က ပြန်လည်တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအား တက်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားတက်စေမယ့် အစားအသောက် အနေအထိုင်တွေရှိဖို့လည်း လိုအပ်ပါတယ်။ ဖော်ပြထားတဲ့ လွယ်လင့်တကူ စားသောက်နိုင်တဲ့ မီးဖိုချောင်ထွက် ပစ္စည်းများတွေက သင့်ရဲ့ ကိုယ်ခံအားတွေကိုမြှင့်တင်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ – ကြက်သွန်ဖြူဟာ ကိုယ်ခံအားတက်စေတဲ့ အကောင်းဆုံး အစားအစာ ဖြစ်ပါတယ်။ အအေးမိ တုပ်ကွေးမျိုးစုံကို သက်ပျောက်ကင်းစေနိုင်ပြီး ၊ အသက်ရှုလမ်းကြောင်း ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

ဂျင်း – ဂျင်းဟာလည်း မီးဖိုချောင်ထဲမှာ အလွယ်တကူ ရနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ သူက ကိုယ်ခံအားကိုတက်စေပြီး အအေးမိ၊ ဖျားနာခြင်းနဲ့ ယောင်ယမ်းခြင်းတွေကိုပါ သက်သာစေတတ်ပါတယ်။နနွင်း – မြန်မာလူမျိုးတွေ

ယုံကြည်စွာ နေ့စဉ်သုံးစွဲနေတဲ့ နနွင်းရဲ့ ကောင်းကျိုးတွေက အများကြီးပါ။အသားအရည်လှတယ်၊ သွေးသားသန့်စင်ပေးတယ်၊ သွေးဖိအား ကျစေတယ် စတာတွေ အပြင် ကိုယ်ခံအား တက်စေပြီး ရောင်ရမ်း ခြင်းတွေပါ သက်သာစေပါတယ်။

ကြက်သွန်နီ – ကြက်သွန်နီဟာလည်း နှာရေယိုခြင်း၊ နှာစေးခြင်း၊ အအေးမိခြင်းများအတွက် ကောင်းစေတဲ့ အစာတစ်ခုဖြစ်ပါတယ်။ငရုတ်ကောင်း – ငရုတ်ကောင်းဟာလည်း ဖျားနာခြင်းအတွက် ဆေးဝါးကောင်းတစ်ခုဖြစ်ပါတယ်။ငရုတ်သီးစိမ်း – ငရုတ်သီးစိမ်းတောင့်တွေဟာလည်း anti oxidants တွေ အပြင် Vitamin C တွေ အလွန် ကြွယ်ဝတာမို့ ကိုယ်ခံအား တက်စေပါတယ်။

သံပရာ၊ သံပရို၊ လိမ္မော်သီး – သံပရာ၊ သံပရို၊ လိမ္မော်သီးတွေမှာလည်း vitamin C တွေပါတာမို့ ကိုယ်ခံအားတတ်စေတဲ့အစားအသောက်များဖြစ်ကြပါတယ်။မုန်လာဉအနီ – ခါကြက်ဉလို့ ခေါ်တဲ့ မုန်လာဉအနီတွေကလည်း ကိုယ်ခံအားတက်စေတဲ့ ဓာတ်ပေါင်းတွေပါပြီး အအေးမိ တုပ်ကွေးတွေအတွက်ကောင်းပါတယ်။