မိန်းကလေးတွေ အသည်းကွဲပြီးရင်ပိုလှလာရတဲ့ အကြောင်းအရင်း

မိန်းကလေးတွေ အသည်းကွဲပြီးရင်ပိုလှလာရတဲ့ အကြောင်းအရင်း

အသည်းကွဲခဲ့ဖူးတဲ့ မိန်းကလေး တော်တော်များများကို သတိထားကြည့်မယ်ဆိုရင် အသည်း ကွဲပြီးရင် အရင်ကထက် ပိုလှလာတာကို တွေ့ရမှာပါ။

ဥပမာ-ပြရမယ်ဆိုရင် JB နဲ့ပြတ်ပြီးနောက် Selena Gomez ပိုလှ လာတာမျိုးပါ။ တစ်ချို့ ဆိုရင် အသည်းပြီးနောက်ပိုင်းမှာ သိသိသာသာကြီးကို ကိုယ်အလေးချိန် ကျ၊ ဝိတ်ကျသွားပြီး အရမ်းကို လှလာကြတာပါ။

တကယ်တော့ ဒါဟာ ထင်ကြေး မဟုတ်ပါဘူး။ လေ့လာမှုတစ်ခုမှာကိုက အမျိုးသမီး (၇၇)ရာခိုင်နှုန်းဟာ အသည်းကွဲပြီးရင် ကိုယ်အလေးချိန် သိသိသာသာကျသွားတယ်လို့ ဆိုထားပါတယ်။ မိန်းကလေးတွေ အသည်းကွဲပြီးရင် ပိုလှလာရတဲ့ အကြောင်းအရင်းတွေ ကတော့

၁-စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားလို့

မိန်းကလေးတွေဟာ အကြာကြီးလက်တွဲလာတဲ့ relationship တစ်ခုနဲ့ လမ်းခွဲပြတ်စဲတော့မယ် ဆိုရင် အစောကြီးတည်းက ကြိုတင် ပြင်ဆင် ထားတတ်ကြလို့ပါ။ အများရဲ့ အမြင်မှာတော့ ချက်ချင်းကြီး ပြတ်စဲသွားတယ်လို့ ထင်ကောင်း ထင်နိုင်ပေမယ့် အဲ့ဒါဟာ မှားပါတယ် ။

Relationship နဲ့ပတ်သက်တဲ့ပညာရှင်တွေက ပြောခဲ့တာပါ။ မိန်းကလေးတော်တော်များများဟာ အကြာကြီးတွဲလာတဲ့ ချစ်သူ (သို့)ခင်ပွန်းနဲ့ လက်တွဲမဖြုတ်ခင်အစောကြီးတည်းက သူတို့စိတ်ထဲမှာ အနည်း နဲ့ အများကြိုတင် ပြင်ဆင်ထားကြလို့ တကယ်ကြုံလာတဲ့ အခါ အရမ်းကြီး မယိုင်လဲ သလို အလွယ်တကူ ပြန်ပြီး တည်ဆောက်နိုင်တာပါ ။

၂- ပိုရင့်ကျက်သွားလို့

တကယ်တော့ အသည်းကွဲတယ်ဆိုတာ အခက်အခဲတစ်ခုကို ကျော်ဖြတ်ရတာပါ။ စိတ်မှာ ရသွားတဲ့ ဒဏ်ရာကို ကိုယ့်မှာရှိတဲ့ ကိုယ်ခံအားနဲ့ပြန်တိုက်ထုတ်ပြီး အနိုင်ယူရတာပါ။ အခက်အခဲတစ်ခုကို ကျော်ဖြတ်ပြီး ရင် ကိုယ့်ကိုယ်ကို ယုံ ကြည်မှု ပိုရှိသွားသလိုမျိုးပဲ အသည်းကွဲပြီးရင် စိတ်က ပိုရင့်ကျက်၊ ယုံကြည်မှု ပိုရှိသွားတာကြောင့် ပိုပြီးလှတာပါ ။

၃- အပြောင်းအလဲ လုပ်လိုက်လို့

အမျိုးသားတော်တော်များများကတော့ အသည်းကွဲရင် အရက်သောက်၊ဘီယာ သောက်ပြီး စိတ်ပြေအောင်လုပ်ပေမယ့် မိန်းကလေးတွေထဲမှာတော့ အဲ့လို လုပ်တဲ့သူ ရှားပါတယ် ။

အသည်းကွဲပြီဆိုတာနဲ့ အပြောင်းအလဲ ဖြစ်သွားအောင် Shopping ထွက်တာ၊ အလှပြင်ဆိုင်သွားပြီး ဆံပင်စတိုင်ပြောင်း လိုက်တာ ဒါမျိုး လုပ်တတ်ပါတယ်။ တစ်ချို့က အသည်းကွဲပြီဆိုရင် Gym ကစားတာမျိုး လုပ်ကြပါတယ်။ နောက်ဆုံး ကိုယ်က စိတ်မပါရင်တောင်မှ သူငယ်ချင်းတွေက ဆွယ်လို့ ဒီလိုအရာတွေကို လုပ်ဖြစ်တတ်ပါတယ်။

၎-မခံချင်စိတ်ကြောင့်

Ex နဲ့ဘာကြောင့်ပဲ လမ်းခွဲခဲ့ပါစေ။ နောက်ဆုံး မျက်နှာကို ပြန်မမြင် ချင်တော့ လောက်အောင် မုန်းနေပါစေ ex ရဲ့ ရှေ့မှာ ကိုယ်လှပြီး အဆင်ပြေနေတဲ့ ပုံမျိုးပဲ ဖြစ်နေချင်တဲ့ စိတ်ကြောင့်ပါ။ သူနဲ့ပြတ်ပြီးရင် ပိုလှလာတယ်၊ ပိုအဆင်ပြေနေ တယ် ဆိုတာကို တမင်သက်သက် သူသိအောင် ပြချင်တဲ့ စိတ်ကြောင့်ပဲ ဖြစ်ပါတယ် ။

Credit