အရမ္းခ်စ္ၾကေပမယ့္ ႏွစ္ဖက္လုံးမရင့္က်က္တဲ့ စုံတြဲေတြမွာရွိတဲ့ အခ်က္( ၅ ) ခ်က္

အရမ္းခ်စ္ၾကေပမယ့္ ႏွစ္ဖက္လုံးမရင့္က်က္တဲ့ စုံတြဲေတြမွာရွိတဲ့ အခ်က္( ၅ ) ခ်က္

ခ်စ္သူစုံတြဲေတြမွာ ႏွစ္ဖက္လုံးရင့္က်က္တဲ့ စုံတြဲဆိုတာ ေတာ္ေတာ္ရွားပါတယ္အထူးသျဖင့္ ဆယ္ေက်ာ္သက္ စုံတြဲေတြမွာပတစ္ခါတေလတျခားသူရဲ႕အျမင္မွာ တစ္ေယာက္ကိုတစ္ေယာက္ တကယ္မ်ားမခ်စ္လို႔လားဆိုၿပီး သံသယေတာင္ဝင္သြားနိုင္ပါတယ္,ဒါေပမယ့္ အမွန္တကယ္က တစ္ေယာက္နဲ႕တစ္ေယာက္ အရမ္းေတာ့ ခ်စ္ၾကေပမယ့္ ႏွစ္ဖက္လုံးက မရင့္က်က္တဲ့အခါမွာ ဒီလိုေလးေတြ ျဖစ္သြားတတ္ပါတယ္

၁- ရန္ျဖစ္ရင္ အေလွ်ာ့မေပးခ်င္ဘူး

ႏွစ္ဖက္လုံးမရင့္က်က္တဲ့ စုံတြဲေတြဆိုတာရန္ျဖစ္တဲ့အခါမွာလုံးဝအေလွ်ာ့မေပးခ်င္ၾကပါဘူးစကားလုံးေသးေသးေလး တစ္လုံးျဖစ္ျဖစ္၊ အမူအယာနည္းနည္းေလးျဖစ္ျဖစ္လုံးဝကိုအတင္စီးမခံခ်င္ၾကပါဘူး.တစ္ေယာက္နဲ႕တစ္ေယာက္ အနိုင္ရဖို႔အေရး စကားနာ

ထိုးၿပီး တစ္ေယာက္ကို တစ္ေယာက္နာက်င္ေစၾကပါတယ္.ါကတစ္ေယာက္ကို တစ္ေယာက္ မခ်စ္လို႔ မဟုတ္ပဲ မရင့္က်က္ၾကေသးလို႔ျဖစ္ပါတယ္ဒါေၾကာင့္ ဒီအခ်က္ေလးေတြကို မျပင္ဘူးဆိုရင္ ဘယ္ေလာက္ခ်စ္ခ်စ္ လမ္းခြဲရတတ္တာေၾကာင့္ ျပဳျပင္ဖို႔လိုအပ္ပါတယ္ေနာ္

၂ – စမေတာင္းပန္ခ်င္ဘူး

ဒီလိုစုံတြဲေတြ စိတ္ေကာက္ၿပီဆိုရင္ တစ္ေယာက္နဲ႕တစ္ေယာက္ မာနၿပိဳင္တတ္ၾကပါေသးတယ္. ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ မမွားဘူးလို႔ခံယူထားသူေတြ ျဖစ္တာေၾကာင့္ ဘယ္ဘက္ကမွ စၿပီးမေတာင္းပန္ခ်င္ၾကပါဘူး. နင္မရွိလည္း ေအးေဆးဆိုတဲ့ ပုံစံမ်ိဳးလည္း ဖမ္းထားတတ္ၾကပါေသးတယ္။ ဒါေပမယ့္လည္း ၾကာၾကာမေနနိုင္ပါဘူး.ေတာင္းပန္တာေတာင္ အေၾကာႀကီးနဲ႕ ေတာင္းပန္တတ္ၾကတဲ့ သူမ်ိဳးေတြပါ

၃-Social Media ေပၚမွာ ပလူပ်ံတယ္

သူတို႔အေၾကာင္းေတြကို ကမၻာတစ္ခုလုံးကို သိေစခ်င္တဲ့အလား ခ်စ္ရင္ပဲျဖစ္ျဖစ္၊ ရန္ျဖစ္ရင္ပဲျဖစ္ျဖစ္ ဘယ္ေတာ့မွ ႏွစ္ေယာက္တည္းနဲ႕မၿပီးတတ္ၾကပါဘူး သူတို႔ရဲ႕ျပသနာ အဝဝကို လူအမ်ားသိေအာင္ မွ်ေဝေပးေလ့ရွိပါတယ္. မေက်နပ္တာ တစ္ခုခုရွိရင္လည္း ဒဲ့မေျပာပဲFacebook ေပၚကေနၿပီးေတာ့လည္း တစ္ေယာက္နဲ႕တစ္ေယာက္ ေစာင္းသလိုလို၊ ႐ြဲ႕သလိုလိုနဲ႕ မထိတထိေျပာဆိုေရးသားတတ္ၾကပါေသးတယ္

၄-ခဏခဏျပတ္တယ္

သူတို႔ရဲ႕ လက္စြဲစကားကေတာ့ နင္နဲ႕ငါျပတ္ၿပီ ဆိုတဲ့ စကားပဲ ျဖစ္ပါတယ္, နည္းနည္းေလး ကေတာက္ကဆျဖစ္လိုက္တာနဲ႕ ျပတ္ၿပီဆိုၿပီးလမ္းခြဲတတ္ၾကပါတယ္။ ေနနိုင္လားဆိုေတာ့ မေနနိုင္ပါဘူး သူတို႔ကိုယ္တိုင္ စၿပီး မေတာင္းပန္ခ်င္ေတာ့ နီးစပ္ရာ သူငယ္ခ်င္းေတြကို

အပူကပ္ၿပီး ေျပလည္ေအာင္ လုပ္ေပးဖို႔ အကူအညီေတာင္းတတ္ၾကတဲ့ သူမ်ိဳးေတြပါ ဒီလိုစုံတြဲေတြ ရန္ျဖစ္ၿပီဆိုရင္ ဘယ္သူမွမေနရပါဘူးသူတို႔ေျပလည္တဲ့အထိ ကူညီၾကရျပန္ပါတယ္,သူတို႔ကေတာ့ ႐ုပ္တည္ႀကီးေတြနဲ႕ တကယ္တမ္းေနနိုင္တာလည္း မဟုတ္ျပန္ပါဘူး

၅ -သည္းမခံနိုင္ဘူး

သိပ္မရင့္က်က္တဲ့ စုံတြဲေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္ သိပ္ၿပီးသည္းမခံနိုင္ၾကပါဘူးေစာင့္ရတာၾကာလို႔၊ ခ်ိန္းထားတာေနာက္က်လိဳ႕၊ တစ္ေယာက္မႀကိဳက္တာကို တစ္ေယာက္ကႀကိဳက္ေနလို႔ စတဲ့ ဘာမဟုတ္တဲ့ကိစၥေတြမွာေတာင္ ျပသနာအႀကီးႀကီးတက္သြားတတ္တဲ့ သူမ်ိဳးေတြပါ တစ္ခါတေလ တစ္ေယာက္နဲ႕တစ္ေယာက္အႀကိဳက္မတူရင္လည္း ညွိဖို႔ မႀကိဳးစားပဲ ျပသနာရွာတတ္ၾကတဲ့သူမ်ိဳးေတြပါ

Credit

Unicode

အရမ်းချစ်ကြပေမယ့် နှစ်ဖက်လုံးမရင့်ကျက်တဲ့ စုံတွဲတွေမှာရှိတဲ့ အချက်( ၅ ) ချက်

ချစ်သူစုံတွဲတွေမှာ နှစ်ဖက်လုံးရင့်ကျက်တဲ့ စုံတွဲဆိုတာ တော်တော်ရှားပါတယ်အထူးသဖြင့် ဆယ်ကျော်သက် စုံတွဲတွေမှာပတစ်ခါတလေတခြားသူရဲ့အမြင်မှာ တစ်ယောက်ကိုတစ်ယောက် တကယ်များမချစ်လို့လားဆိုပြီး သံသယတောင်ဝင်သွားနိုင်ပါတယ်,ဒါပေမယ့် အမှန်တကယ်က တစ်ယောက်နဲ့တစ်ယောက် အရမ်းတော့ ချစ်ကြပေမယ့် နှစ်ဖက်လုံးက မရင့်ကျက်တဲ့အခါမှာ ဒီလိုလေးတွေ ဖြစ်သွားတတ်ပါတယ်

၁- ရန်ဖြစ်ရင် အလျှော့မပေးချင်ဘူး

နှစ်ဖက်လုံးမရင့်ကျက်တဲ့ စုံတွဲတွေဆိုတာရန်ဖြစ်တဲ့အခါမှာလုံးဝအလျှော့မပေးချင်ကြပါဘူးစကားလုံးသေးသေးလေး တစ်လုံးဖြစ်ဖြစ်၊ အမူအယာနည်းနည်းလေးဖြစ်ဖြစ်လုံးဝကိုအတင်စီးမခံချင်ကြပါဘူး.တစ်ယောက်နဲ့တစ်ယောက် အနိုင်ရဖို့အရေး စကားနာ

ထိုးပြီး တစ်ယောက်ကို တစ်ယောက်နာကျင်စေကြပါတယ်.ါကတစ်ယောက်ကို တစ်ယောက် မချစ်လို့ မဟုတ်ပဲ မရင့်ကျက်ကြသေးလို့ဖြစ်ပါတယ်ဒါကြောင့် ဒီအချက်လေးတွေကို မပြင်ဘူးဆိုရင် ဘယ်လောက်ချစ်ချစ် လမ်းခွဲရတတ်တာကြောင့် ပြုပြင်ဖို့လိုအပ်ပါတယ်နော်

၂ – စမတောင်းပန်ချင်ဘူး

ဒီလိုစုံတွဲတွေ စိတ်ကောက်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် မာနပြိုင်တတ်ကြပါသေးတယ်. ကိုယ့်ကိုယ်ကို ဘယ်တော့မှ မမှားဘူးလို့ခံယူထားသူတွေ ဖြစ်တာကြောင့် ဘယ်ဘက်ကမှ စပြီးမတောင်းပန်ချင်ကြပါဘူး. နင်မရှိလည်း အေးဆေးဆိုတဲ့ ပုံစံမျိုးလည်း ဖမ်းထားတတ်ကြပါသေးတယ်။ ဒါပေမယ့်လည်း ကြာကြာမနေနိုင်ပါဘူး.တောင်းပန်တာတောင် အကြောကြီးနဲ့ တောင်းပန်တတ်ကြတဲ့ သူမျိုးတွေပါ

၃-Social Media ပေါ်မှာ ပလူပျံတယ်

သူတို့အကြောင်းတွေကို ကမ္ဘာတစ်ခုလုံးကို သိစေချင်တဲ့အလား ချစ်ရင်ပဲဖြစ်ဖြစ်၊ ရန်ဖြစ်ရင်ပဲဖြစ်ဖြစ် ဘယ်တော့မှ နှစ်ယောက်တည်းနဲ့မပြီးတတ်ကြပါဘူး သူတို့ရဲ့ပြသနာ အဝဝကို လူအများသိအောင် မျှဝေပေးလေ့ရှိပါတယ်. မကျေနပ်တာ တစ်ခုခုရှိရင်လည်း ဒဲ့မပြောပဲFacebook ပေါ်ကနေပြီးတော့လည်း တစ်ယောက်နဲ့တစ်ယောက် စောင်းသလိုလို၊ ရွဲ့သလိုလိုနဲ့ မထိတထိပြောဆိုရေးသားတတ်ကြပါသေးတယ်

၄-ခဏခဏပြတ်တယ်

သူတို့ရဲ့ လက်စွဲစကားကတော့ နင်နဲ့ငါပြတ်ပြီ ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်, နည်းနည်းလေး ကတောက်ကဆဖြစ်လိုက်တာနဲ့ ပြတ်ပြီဆိုပြီးလမ်းခွဲတတ်ကြပါတယ်။ နေနိုင်လားဆိုတော့ မနေနိုင်ပါဘူး သူတို့ကိုယ်တိုင် စပြီး မတောင်းပန်ချင်တော့ နီးစပ်ရာ သူငယ်ချင်းတွေကို

အပူကပ်ပြီး ပြေလည်အောင် လုပ်ပေးဖို့ အကူအညီတောင်းတတ်ကြတဲ့ သူမျိုးတွေပါ ဒီလိုစုံတွဲတွေ ရန်ဖြစ်ပြီဆိုရင် ဘယ်သူမှမနေရပါဘူးသူတို့ပြေလည်တဲ့အထိ ကူညီကြရပြန်ပါတယ်,သူတို့ကတော့ ရုပ်တည်ကြီးတွေနဲ့ တကယ်တမ်းနေနိုင်တာလည်း မဟုတ်ပြန်ပါဘူး

၅ -သည်းမခံနိုင်ဘူး

သိပ်မရင့်ကျက်တဲ့ စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီးသည်းမခံနိုင်ကြပါဘူးစောင့်ရတာကြာလို့၊ ချိန်းထားတာနောက်ကျလို့၊ တစ်ယောက်မကြိုက်တာကို တစ်ယောက်ကကြိုက်နေလို့ စတဲ့ ဘာမဟုတ်တဲ့ကိစ္စတွေမှာတောင် ပြသနာအကြီးကြီးတက်သွားတတ်တဲ့ သူမျိုးတွေပါ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက်အကြိုက်မတူရင်လည်း ညှိဖို့ မကြိုးစားပဲ ပြသနာရှာတတ်ကြတဲ့သူမျိုးတွေပါ