Credit
Unicode
ပြည်သူတွေရဲ့လိုအပ်ချက်တွေကို အိမ်တိုင်ရာရောက်ကူညီလုပ်ဆောင်ပေးနေကြတဲ့ လူငယ်ဟာသလူရွှင်တော်များအဖွဲ့
လတ်တလောမှာ မြန်မာပြည်သူတွေဟာ အာဏာရှင် ဖိနှိပ်မှုဒဏ်တွေကို ခံစားနေရတဲ့ ကြားကနေ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်ရောဂါကိုလည်း ဒုက္ခမျိုးစုံဖြင့် အလူးအလဲခံစားနေရတာကို တွေ့ရပါတယ်။
ကိုဗစ်ကို ကုသဖို့အတွက်ဆေးမရှိတာကြောင့် ကိုယ်ခံအားအေ ာင်ကြိုးစားနေကြရပြီး အာဟာရဓာတ်ပြည့်ပြည့်၀၀စားသော က်နေကြဖို့အရေးကြီးလှပါတယ်…..။
ကိုဗစ်ကူးစက်မှုတွေဟာ အိမ်လုံးကျွတ်ကူးစက်မှုတွေအထိဖြစ်ပေါ်နေတာကြောင့် အလံဖြူ၊အလံဝါထောင်ကာ အကူအညီတေ ာင်းခံနေကြတဲ့အိမ်တွေလည်း ရှိနေပြီး စား၀တ်နေရေးကြပ်တ ည်းတာကြောင့် မစားမသောက်နိုင်ဖြစ်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။
အခုလိုအခက်အခဲတွေကို ကူညီဖို့အတွက် လူငယ်ဟာသလူရွှင် တော်လေးစုပေါင်းပြီး တတ်နိုင်သရွေ့အလှူလေးတွေပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ်။
လူရွှင်တော် ပလာတာတို့ဦးဆောင်တဲ့ ပြည်သူအပေါင်းလူရွှင် တော်ပရဟိတအသင်းက နာမကျန်းဖြစ်တဲ့ အိမ်တွေနဲ့ အလံဝါအလံဖြူ ထောင်ထားတဲ့ အိမ်တွေကို အစားအသောက်တွေ ဆေးဝါးတွေလိုက်လံပို့ဆောင်ပေးနေပြီး
အောက်ဆီဂျင်ကူညီမှုတွေအပြင် Dead bodyသယ်ယူမှုတွေအထိ လိုက်လံကူညီပေးနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။