

သြဂုတ် ၅ွမန်မာနယ်စပ်ဒေသ မဏိပူရ်ပြည်နယ် အင်ဖာမြို့၌ အိန္ဒိယနိုင်ငံသားတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၉၀၀၀ ခန့်တန်ဖိုးရှိ COVID-19 ရောဂါကုသဆေး

Remdesivir အတုဟု ယူဆရသညျ့ ဆေးပုလငျးမြားနှငျ့ အတူ ရဲတပျဖှဲ့က ဖမ်းဆီးရမိေကြာင်းႏွင့် အမႈစုံစမ်းစဈေဆးစဉ်ကာလအတွင်း ဘီဟာပြည်နယ် ဆမ်မတ်စတီပူရ်ခရိုင် ဆာဆမ်ရွာေန ၎င်းအၿမိဳးသားအား(၈)ရက်ကြာ ျခဳပ်ႏွောင်ထားရန် အင်္ ဂါေန႕တွင် ရမန်ချအပ်လိဳက်သည်ဟဳ Indian Express က ယေန႕ေရးသားသည်။







Credit

Unicode

“ကိုဗစ် ၁၉ ကာကွယ်ဆေးအတုများ မြန်မာနိုင်ငံနယ်စပ် မဏိပူရပြည်နယ်တွင် ဖမ်းဆီးရမိ”

သြဂုတ် ၅မြန်မာနယ်စပ်ဒေသ မဏိပူရ်ပြည်နယ် အင်ဖာမြို့၌ အိန္ဒိယနိုင်ငံသားတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၉၀၀၀ ခန့်တန်ဖိုးရှိ COVID-19 ရောဂါကုသဆေး


အသက် ၅၅ နှစ်အရွယ် လာလိုရှားအမည်ရှိသူသည် ဆေးပု လင်းများကို လျှို့ဝှက်စွာ သယ်ဆောင်လာစဉ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဟန့်တားကာကွယ်ရေး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်အရ ယာဉ်နှင့်လူအသွားအလာများကို ကြပ်မတ်သည့်

အင်ဖာမြို့အရှေ့ပိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ခိုင်လုံသော စာရွက်စာတမ်းပြသနိုင်ခြင်း မရှိဘဲ Rem desivir အမည်ပါ COVID-19 ရောဂါကုသရာတွင်

အသုံးပြုသည့် သွေးကြောထိုးဆေး ၄၄၁ ပုလင်းကို အိတ် ၂ လုံးတွင် ထည့်သွင်းသယ်ဆောင်လာကြောင်း ရှာဖွေတွေ့ရှိရသဖြင့် လာလိုရှားအား အရေးယူထားကြောင်း အင်ဖာရဲတပ်ဖွဲ့အင်စပက်တာက ပြောဆိုသည်။

ကျန်းမာရေးဌာန၏ ကနဦးတွေ့ရှိချက်များအရ ဖမ်းဆီးရမိသော ထိုးဆေးများမှာ အတုဖြစ်နိုင်သည်ဟု သိရှိရကြောင်း၊ အစိုးရ ကျန်းမာရေးဌာနတွင် ထိန်းသိမ်းထားသည့် Remd esivir ဆေးအစစ်တို့၏ အမှတ်တံဆိပ်နှင့် နှိုင်းယှဉ်ကြည့်ရာတွင်

ကွဲလွဲချက်များ တွေ့ရှိရကြောင်း၊ ထို့ပြင် အဆိုပါ ဆေးဝါးများမှာ လုံလောက်သည့် အထောက်အထား မပါရှိဘဲ ပုဂ္ဂလိကမည် သူတစ်ဦးတစ်ယောက်မျှ ဝယ်ယူပိုင်ဆိုင်နိုင်ခြင်း မရှိရကြောင်းလည်း ဆိုသည်။

ယခုကဲ့သို့ ဆေးဝါးအတု တရားမဝင်လုပ်ငန်းအကြောင်း အ သေးစိတ် မသိရှိရသေးသော်လည်း မြန်မာနိုင်ငံ၌ ဝယ်လိုအား အထူးမြင့်မားနေသည်ဟု သိရှိရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရေ ာဂါကုသဆေး အတုလုပ်ငန်းနှင့် ဆက်စပ်သည်တို့ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း အင်ဖာရဲတပ်ဖွဲ့အင်စပက်တာက ရှင်းပြသည်။