သင့္အေပၚ တကယ္ခ်စ္၊ မခ်စ္ ဘယ္လိုသိနိုင္မလဲ

သင့္အေပၚ တကယ္ခ်စ္၊ မခ်စ္ ဘယ္လိုသိနိုင္မလဲ

ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူနဲ႕ တစ္သက္လုံး အတူတူ ေနသြားခ်င္ၾကပါတယ္။ ဒါေပမယ့္ ကိုယ့္ခ်စ္သူက ကိုယ့္ကို တကယ္ခ်စ္ရဲ႕လား ဆိုတာကိုေတာ့ ေသခ်ာသိဖို႔လိုပါတယ္။

တကယ္မခ်စ္တဲ့သူနဲ႕ ဆက္တြဲေနရင္ အခ်ိန္ကုန္ၿပီး ႏွစ္ေယာက္လုံးအတြက္ အက်ိဳးမရွိပါဘူး။ မစစ္မွန္တဲ့ အတုအေယာင္အခ်စ္ရဲ႕ လကၡဏာေတြကို lovemedia ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁-Social media ေပၚတြင္ အလြန္ခ်စ္ျပျခင္း

လက္ေတြ႕ဘဝမွာ အေလးမထားဘဲ Social media ေတြေပၚမွာ ခ်စ္တဲ့အေၾကာင္းေတြ လိုတာထက္ပိုတင္ေနရင္ အဲဒါက ပုံမွန္ မဟုတ္ပါဘူး။အဲဒီလိုမဟုတ္ဘဲ အျပင္မွာလည္း ႏြေးႏြေးေထြးေထြး၊ social media မွာလည္း ခ်စ္ျပတယ္ ဆိုရင္ေတာ့ အဆင္ေျပပါတယ္။တကယ္ေတာ့ social media မွာ အရမ္းခ်စ္တတ္တယ္ဆိုတဲ့ လူအမ်ားရဲ႕ အထင္ႀကီးမႈကိုပဲ သာယာေနတတ္တာပါ။

၂-ႏွစ္ေယာက္ၾကားမွာ ဆက္ဆံေရးက ဆာဟာရသဲကႏၱာရထက္ ေျခာက္ေသြ႕လာျခင္း

အဆင္ေျပတဲ့ စုံတြဲေတြၾကားမွာ အၿမဲ ပြင့္လင္းရိုးသားမႈဆိုတာ လိုပါတယ္။သင့္ခ်စ္သူက သင့္ကို တစ္ေနကုန္ေနလို႔မွ စကားတစ္ခြန္းမေျပာဘဲ လိုအပ္မွဆက္သြယ္တယ္ဆိုရင္ေတာ့ ျပန္စဥ္းစားဖို႔လိုပါၿပီ။

၃- သင္ရဲ႕ အမူအက်င့္ေတြကို ေျပာင္းလဲဖို႔ ႀကိဳးစားျခင္း

စစ္မွန္မႈမရွိတဲ့မခ်စ္မွာ သင့္ရဲ႕အမူအက်င့္ေတြကို ေျပာင္းလဲဖို႔ ႀကိဳးစားလာပါလိမ့္မယ္။ျပႆနာတစ္ခုခုျဖစ္လာတဲ့အခါ သင့္ကိုယ္သင္ အျပစ္ရွိသလို ခံစားေစတာမ်ိဳး၊ မွားမွားမွန္မွန္ သင့္ဘက္က ေတာင္းပန္ေခ်ာ့ေမာ့ေနတာမ်ိဳးက ေရရွည္မွာ အဆင္မေျပပါဘူး။

၄- ျပႆနာရဲ႕ အေျဖကို မရွာျခင္း

အတြဲေတြၾကားမွာ စကားမ်ား၊ ရန္ျဖစ္တာက ျဖစ္ေလ့ျဖစ္ထရွိတဲ့အရာပါ။ ျပႆနာတစ္ခု ျဖစ္လာတဲ့အခါ ႏွစ္ေယာက္လုံး ေျပလည္ေအာင္ ေျဖရွင္းသင့္ပါတယ္။

အဲဒီလိုမဟုတ္ဘဲ ျပႆနာကို သင့္တစ္ေယာက္တည္းအေပၚပုံခ်ၿပီး အျပင္ထြက္သြားတာ၊ ဖုန္းပိတ္ပစ္တာက သင့္ရဲ႕ စိုးရိမ္ပူပန္မႈေတြကို နားမေထာင္ေပးခ်င္တာပါ။သင့္ရဲ႕ခံစားခ်က္ေတြကိုလည္း အေလးမထားတတ္သူ ျဖစ္တာေၾကာင့္ အၿမဲတမ္း နာက်င္ေနရမွာပါ။

၅- ဦးစားမေပးျခင္း

ဦးစားေပးတယ္ ဆိုတာက တခ်ိဳ႕အေျခအေနေတြမွာေတာ့ လိုအပ္ပါတယ္။ အၿမဲတမ္း ဦးစားေပးခံခ်င္ရင္လည္း အဆင္မေျပျပန္ပါဘူး။သင့္ခ်စ္သူက သင္နဲ႕ ေတြ႕ဖို႔ဆို အၿမဲျငင္းေနရင္၊ အေၾကာင္းျပခ်က္ေတြေပးေနရင္ သင့္အေပၚ စိတ္ဝင္စားမႈ မရွိေတာ့ပါဘူး။တကယ္ခ်စ္တဲ့သူက တစ္ႀကိမ္မဟုတ္ တစ္ႀကိမ္ေတာ့ သင့္ကို ဦးစားေပးေနမွာပါ။

၆- ရည္းစားေဟာင္းအေၾကာင္း ခဏခဏေျပာျခင္း

တခ်ိဳ႕ေတြက ရည္းစားေဟာင္းနဲ႕ အဆင္မေျပလို႔ သင့္ဆီခဏ ဝင္လာတတ္သူေတြပါ။ရည္းစားေဟာင္းနဲ႕ သင့္ကို ခဏခဏယွဥ္ေျပာေနရင္၊ ရည္းစားေဟာင္းကိုပဲ တသသျဖစ္ေနရင္ ဘယ္လိုမွ အဆင္မေျပနိုင္ပါဘူး။

တကယ္မခ်စ္တဲ့သူက လူခ်င္းနီးနီးကပ္ကပ္ ျဖစ္ေနရင္ေတာင္ စိတ္ခ်င္းေဝးေနတတ္ပါတယ္။ရည္းစားေဟာင္းကို မျပတ္မသားျဖစ္ေနရင္ေတာ့ လမ္းခြဲဖို႔ ေတြေဝမေနပါနဲ႕ေတာ့။

၇- သင္နဲ႕ပတ္သက္ၿပီး အနာဂတ္ရည္မွန္းခ်က္မရွိျခင္း

ေလးနက္တဲ့ ဆက္ဆံေရးေတြမွာ အနာဂတ္ အစီအစဥ္ေတြအေၾကာင္းက ခဏခဏပါလာတတ္တဲ့ ေခါင္းစဥ္ပါ။ဒါေပမယ့္ သင့္ခ်စ္သူက အနာဂတ္ အစီအစဥ္ေတြကို တိုင္ပင္ဖို႔ ေနေနသာသာ စကားေတာင္ မေျပာခ်င္ရင္ေတာ့ ေကာင္းတဲ့အခ်က္ မဟုတ္ပါဘူး။

၈- သူမ်ားအထင္ႀကီးတာကို သေဘာက်ျခင္း

သင့္ခ်စ္သူက အသုံးအျဖဳန္းႀကီးၿပီး social media မွာ တက္ႂကြားရတာကို သေဘာက်ေနရင္ ေတြေဝမေနပါနဲ႕။သင္က အသုံးအျဖဳန္းမႀကီးဖို႔ ေျပာရင္ေတာင္ သင့္ကို ရန္ရွာေနမွာပါ။အေပၚယံ ပကာသနေတြအေပၚ စြဲလမ္းေနရင္ သင့္အေပၚထားတဲ့ ခံစားခ်က္ေတြကလည္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားမွာပါ။

Credit

Unicode

သင့်အပေါ် တကယ်ချစ်၊ မချစ် ဘယ်လိုသိနိုင်မလဲ

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ တစ်သက်လုံး အတူတူ နေသွားချင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား ဆိုတာကိုတော့ သေချာသိဖို့လိုပါတယ်။

တကယ်မချစ်တဲ့သူနဲ့ ဆက်တွဲနေရင် အချိန်ကုန်ပြီး နှစ်ယောက်လုံးအတွက် အကျိုးမရှိပါဘူး။ မစစ်မှန်တဲ့ အတုအယောင်အချစ်ရဲ့ လက္ခဏာတွေကို lovemedia ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁-Social media ပေါ်တွင် အလွန်ချစ်ပြခြင်း

လက်တွေ့ဘဝမှာ အလေးမထားဘဲ Social media တွေပေါ်မှာ ချစ်တဲ့အကြောင်းတွေ လိုတာထက်ပိုတင်နေရင် အဲဒါက ပုံမှန် မဟုတ်ပါဘူး။အဲဒီလိုမဟုတ်ဘဲ အပြင်မှာလည်း နွေးနွေးထွေးထွေး၊ social media မှာလည်း ချစ်ပြတယ် ဆိုရင်တော့ အဆင်ပြေပါတယ်။တကယ်တော့ social media မှာ အရမ်းချစ်တတ်တယ်ဆိုတဲ့ လူအများရဲ့ အထင်ကြီးမှုကိုပဲ သာယာနေတတ်တာပါ။

၂-နှစ်ယောက်ကြားမှာ ဆက်ဆံရေးက ဆာဟာရသဲကန္တာရထက် ခြောက်သွေ့လာခြင်း

အဆင်ပြေတဲ့ စုံတွဲတွေကြားမှာ အမြဲ ပွင့်လင်းရိုးသားမှုဆိုတာ လိုပါတယ်။သင့်ချစ်သူက သင့်ကို တစ်နေကုန်နေလို့မှ စကားတစ်ခွန်းမပြောဘဲ လိုအပ်မှဆက်သွယ်တယ်ဆိုရင်တော့ ပြန်စဉ်းစားဖို့လိုပါပြီ။

၃- သင်ရဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့ ကြိုးစားခြင်း

စစ်မှန်မှုမရှိတဲ့မချစ်မှာ သင့်ရဲ့အမူအကျင့်တွေကို ပြောင်းလဲဖို့ ကြိုးစားလာပါလိမ့်မယ်။ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ သင့်ကိုယ်သင် အပြစ်ရှိသလို ခံစားစေတာမျိုး၊ မှားမှားမှန်မှန် သင့်ဘက်က တောင်းပန်ချော့မော့နေတာမျိုးက ရေရှည်မှာ အဆင်မပြေပါဘူး။

၄- ပြဿနာရဲ့ အဖြေကို မရှာခြင်း

အတွဲတွေကြားမှာ စကားများ၊ ရန်ဖြစ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ ပြဿနာတစ်ခု ဖြစ်လာတဲ့အခါ နှစ်ယောက်လုံး ပြေလည်အောင် ဖြေရှင်းသင့်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ ပြဿနာကို သင့်တစ်ယောက်တည်းအပေါ်ပုံချပြီး အပြင်ထွက်သွားတာ၊ ဖုန်းပိတ်ပစ်တာက သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို နားမထောင်ပေးချင်တာပါ။သင့်ရဲ့ခံစားချက်တွေကိုလည်း အလေးမထားတတ်သူ ဖြစ်တာကြောင့် အမြဲတမ်း နာကျင်နေရမှာပါ။

၅- ဦးစားမပေးခြင်း

ဦးစားပေးတယ် ဆိုတာက တချို့အခြေအနေတွေမှာတော့ လိုအပ်ပါတယ်။ အမြဲတမ်း ဦးစားပေးခံချင်ရင်လည်း အဆင်မပြေပြန်ပါဘူး။သင့်ချစ်သူက သင်နဲ့ တွေ့ဖို့ဆို အမြဲငြင်းနေရင်၊ အကြောင်းပြချက်တွေပေးနေရင် သင့်အပေါ် စိတ်ဝင်စားမှု မရှိတော့ပါဘူး။တကယ်ချစ်တဲ့သူက တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ သင့်ကို ဦးစားပေးနေမှာပါ။

၆- ရည်းစားဟောင်းအကြောင်း ခဏခဏပြောခြင်း

တချို့တွေက ရည်းစားဟောင်းနဲ့ အဆင်မပြေလို့ သင့်ဆီခဏ ဝင်လာတတ်သူတွေပါ။ရည်းစားဟောင်းနဲ့ သင့်ကို ခဏခဏယှဉ်ပြောနေရင်၊ ရည်းစားဟောင်းကိုပဲ တသသဖြစ်နေရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။

တကယ်မချစ်တဲ့သူက လူချင်းနီးနီးကပ်ကပ် ဖြစ်နေရင်တောင် စိတ်ချင်းဝေးနေတတ်ပါတယ်။ရည်းစားဟောင်းကို မပြတ်မသားဖြစ်နေရင်တော့ လမ်းခွဲဖို့ တွေဝေမနေပါနဲ့တော့။

၇- သင်နဲ့ပတ်သက်ပြီး အနာဂတ်ရည်မှန်းချက်မရှိခြင်း

လေးနက်တဲ့ ဆက်ဆံရေးတွေမှာ အနာဂတ် အစီအစဉ်တွေအကြောင်းက ခဏခဏပါလာတတ်တဲ့ ခေါင်းစဉ်ပါ။ဒါပေမယ့် သင့်ချစ်သူက အနာဂတ် အစီအစဉ်တွေကို တိုင်ပင်ဖို့ နေနေသာသာ စကားတောင် မပြောချင်ရင်တော့ ကောင်းတဲ့အချက် မဟုတ်ပါဘူး။

၈- သူများအထင်ကြီးတာကို သဘောကျခြင်း

သင့်ချစ်သူက အသုံးအဖြုန်းကြီးပြီး social media မှာ တက်ကြွားရတာကို သဘောကျနေရင် တွေဝေမနေပါနဲ့။သင်က အသုံးအဖြုန်းမကြီးဖို့ ပြောရင်တောင် သင့်ကို ရန်ရှာနေမှာပါ။အပေါ်ယံ ပကာသနတွေအပေါ် စွဲလမ်းနေရင် သင့်အပေါ်ထားတဲ့ ခံစားချက်တွေကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။