













Credit

Unicode

ဝက်ခြံ ထွက်တတ်တဲ့သူတွေ ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ်တွေ ပျောက်ကင်းစေမယ့်နည်းလမ်း

ဝက်ခြံ ထွက်တတ်တဲ့သူတွေ ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ်တွေ ပျောက်ကင်းစေမယ့်နည်းလမ်း ကိုယ်တွေလို ဝက်ခြံ ထွက်တတ် တဲ့သူတွေ

ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ် တွေအတွက်ကောတကယ်ကိုယ်တွေ့ လုပ်ကြည့်ပီး ပျောက်ကင်းသွားလို့ နည်းလမ်း လေးမျှဝေချင်ပါတယ်ရှင့်

ဝက်ခြံ ပေါက်ရင် ဘာလုပ် ကြလည်း စသဖြင့် စမ်းတ ဝါးဝါး မေးမြန်းပီး ဟိုဟာပျောက်နိုးနိုး ဒီဟာကောင်းနိုးနိုး လိမ်းကြတာ

ပေါ့ရှင့်အာ့လိုနဲ့ ဝက်ခြံပိုးများ လာတာလည်း ရှိသလို ပျောက်သွား တာလည်း ရှိကြပါတယ်အာ့ထဲမှာ ကျွှန်မလက်တွေ့ ပျောက်ကင်း သွားတဲ့ နည်းလေး မျှဝေပေးမယ်နော်

ပထမဦးဆုံး ဝက်ခြံ စထွက်ပီဆို တာနဲ့အဖြေစရှာပါပီ ကိုယ်သုံးနေတဲ့ Skin Care ကြောင့်လားရာသီဥတု အရမ်းပူတော့ ရာသီစာတွေ အပူစာ တွေကြောင့်

ဝမ်းပူ ဝမ်းအပုတ် များကြောင့်လား ပေါ့စသဖြင့်ပေါ့ စဉ်းစားရပီ ဘယ်လို ကြောင့်ပဲ ဖြစ်ဖြစ်ပါ ဝက်ခြံ စထွက်လာပီ ဆိုတာနဲ့ ၁ ဖု ၂ ဖုတော့ မဟုတ်ဘူးပေါ့ နော့

စတင်ပီး လက်ရှိ အသုံးပြု နေတဲ့ Skin Care တွေ အားလုံး ဆက်မသုံးပဲ ရပ်ပလိုက်ပါတယ် မျက်နှာ သစ်တော့ သုံးတယ်မနက်လင်းတာနဲ့ ပျားရည် ၁ ဇွန်း ကို ရေ ၁ လီတာ နဲ့ သောက်ပီး လမ်းလျှောက် ပေးတယ်

၁၀ မိနစ်လောက်နေရင် စပါယ်ရှယ်ကို ဝမ်းသွားပါပီအပူအပုတ်တွေ စင်အောင်သွားပါတယ်ပီးရင် မျက် နှာသစ်ပီး ဘာမှ မလိမ်းပါဘူး အဖုလေးတွေပေါ် Clindamycin လေး ခဏခဏ တို့တို့ပေးပါတယ်

ညရောက် ရင်တော့ သဘာဝ နည်းလမ်းနဲ့ နေ့တိုင်ပေါင်း တင်ပါတယ် ပေါင်းတင်ထဲမှာ ဘာတွေ ပါလည်းဆိုတော့အာလူးကြိတ်ထားတဲ့ အရည် နည်းနည်း

မုန့်လာဥနီ ကြိတ်ထားတဲ့ အရည် နည်းနည်းခရမ်းချဉ်သီး အရည် နည်းနည်းရှားစောင်းလပတ် ဂျယ် နည်းနည်း သဘာဝ အပင်ကနေယူတာပါပျားရည် ၁ဇွန်းVitamin E ဆေး ၁ တောင့် ညစ်ထည့်

ဆန်မှုန့် -၂ ဇွန်းနနွန်းမှုန့် နည်းနည်း အရမ်းများရင် ဝါထိန်နေပါလိမ့်မယ်စန္ဒာကူးမှုန့် အသားရေ ဖြူဝင်းစေပါတယ် ဘယဆေးဆိုင်တွေမှာ ဝယ်လို့ပါတယ်ရောသမ ပီး လိမ်း ၄၅ မိနစ်ထားပီး ရေဆေးချရုံပါပဲ အာ့လို သဘာဝနည်းနဲ့ နေ့တိုင်း ပေါင်းတင် ဖြစ်ပါတယ်

မှတ်ချက်အနေနဲ့ တရက်ကို ရေ ၃လီတာတော့ ပုံမှန် သောက်သုံးပေးပါတယ် ရှင့်အားလုံးပဲ ဝက်ခြံကင်းစင်ပြီး လှနိုင်ကြပါစေရှင့်