















Credit

Unicode

မြန်မာ မိန်းကလေး တွေ သ တိ ထားရ မယ့် ကိုဗစ် ကူး စက် မှု နည်းလမ်း တစ်ခု

ကလေးတွေဟာ ကိုဗစ်ပိုးဖြန့်သူဖြစ်တတ်တယ် အကြောင်းရင်း က အပြစ် ကင်းစင်ပြီး ချစ်စရာကောင်းလို့ပါ

နို့လွတ်ပြီ တောက်တောက်တောက်တောက်နဲ့လမ်းလျှောက်တတ်ပြီ ဆိုတာနဲ့ မိခင် ဖြစ်သူအတွက် ကလေးထိန်းရတဲ့ ဝန်ပေါ့တယ်

အိမ်မှုကိစ္စဗာဟီရအတွက် အချိန်ပိုပေးနိုင်တယ် ကလေးကလူတကာ လက်ပေါ် ရောက်တယ်ချီတယ် ချော့မြူတယ် အာဘွားပေးတယ် မုံ့ကျွေးတယ် အိမ်ခေါ်ပြီး အခမဲ့ထိန်းပေးတယ် တဖြည်းဖြည်းကလေးကိုယ်တိုင်က အိမ်လည်တတ်လာတယ်

မပီကလာ ပီကလာတွေ ပြောပြီ ပိုပြီး ချစ်စရာ ကောင်းလာ တယ် နောက် ဆော့ပြီ ခြေထောက် ဗွေပေါက်လာပြီမြို့ပြမှာ အိမ်နီးချင်းနဲ့ ဆွေမျိုး သားချင်းအိမ်တွေ လောက် ရောက်တယ် တောမှာ တစ်ရွာလုံး ပတ်တယ် ဟဲ့ ငါ့ကလေး ဘယ်နား ရောက်နေလဲ

မိခင်ဖြစ်သူက နောက်ကလိုက်ရှာရတဲ့အပေါက်မျိုးပါချစ်စရာ သိပ်ကောင်းတဲ့ ကလေးမျိုးဆို မိခင်စိတ်ရွဝေဒနာ ခံစားနေရနေတဲ့ အပျိုမလေးတွေရဲ့ အသည်းကျော်

အပျိုအုပ်မှာ တစ်လက်ပြီးတစ်လက်ကူးတယ် ရွာရိုး ကိုးပေါက်ရောက်တယ်အီစတိုဂျင်နဲ့ နုညံ့အောင် လုပ်ထားတဲ့ လက်တွေဟာကလေးအတွက်ဆိုဖာ

လက်သာ တယ်ဆိုတာ အဲဒါကို ပြောတာပေါ့ သူကြိုက်တဲ့ ကာလသား တစ်ယောက် ယောက် အနားက ဖြတ်လျှောက် သွားရင် မိန်းမပျိုက ကလေးကို မြူတယ်

တရွှတ် ရွှတ်နဲ့ နမ်းတယ် မာယာပေါ့ ကလေးခမျာ အချောင် အနမ်းခံ ရတယ် အဲဒါမျိုး ကိုဗစ်က သိပ်ကြိုက်ပေါ

ကလေးတွေမှာ ကိုဗစ်ဝင်ဖို့ တံခါးပေါက် အလုံ အလောက် မဖောက်ရ သေးဘူး ဖြစ်ရင် စတိလောက်ပဲ ဖြစ်တတ်တယ်အပြစ်ကင်းတဲ့ တိတ်တခိုး ပိုးသယ်သူ ဖြစ်တတ်တယ်

စစ်လိုက်မှ +ve ဖြစ်ကြောင်း သိရတယ် အဓိက ဖြန့်ဝေသူ မဖြစ်နိုင် ဖြန့်ဝေသူ လောက်တော့ ဖြစ်နိုင်တယ်

ကူးစက်ပြန့် ပွားခြင်းမှာ အတိုင်းအတာ ဘယ်လောက် ထည့်ဝင် study လုပ်ပြီး ပြီလား မလုပ်ရသေး ဖူးလား မသိ.. မဖတ်ဖူးသေး ဖျားတဲ့ +ve ကလေးတွေ ဆေးရုံ တင်တယ်

လသားကလေး အဖိတ် အစင်ဖြစ်တော့ အလန့် တကြား ဖြစ် ကြ ရတယ် မိခင် အဒေါ် အဖွား သုံးဦး သုံးဖ လှယ်ကြား မိခင်နဲ့ အဒေါ်ကြား မိခင်နဲ့ အဖွားကြား

ကလေးက ကိုဗစ်ပေါင်း ကူးတံတား ထိုးပေးတာ တွေ့ဖူးတယ်

ကိုဗစ်မှာ တွေ့ရ တတ်တဲ့ မာယာ သာဌေယျ ဝဉ္စနာ အထူး သဖြင့် အပျိုကြီးတွေ အတွက် ထူးခြားတဲ့ ကိုဗစ် mode of transmission သတိပြု မိစေချင်လို့ပါ