ဒီနှစ်ချက်ကို ကျော်လွှားနိုင်ရင် ဒီပွဲ ပြည်သူ ချက်ခြင်း အောင်မြင်ပြီ

ဒီနှစ်ချက်ကို ကျော်လွှားနိုင်ရင် ဒီပွဲ ပြည်သူ ချက်ခြင်း အောင်မြင်ပြီ

စကစ ဂျင်းနှစ်ချက် နဲ့ ပြည်သူ့ D Day

ဒုချုပ်စိုးဝင်းမယားသေတာ မှန်ရင် ဒီနေ့ မအလမိန့်ခွန်းဟာ ပြည်သူထက် တပ်တွင်းပုန်ကန်မှု မဖြစ်အောင် သူ့တပ်သူ ပြန်စည်းရုံးတဲ့ မိန့်ခွန်းဆိုတာ သေချာသွားပါပြီ

အကြောင်းကရုရှားကို လက်နက်ဖိုး ပေးစရာရှိတယ် ဒါကို တဖက်လှည့်နဲ့ ရုရှားဆေးရောင်းပြီး ပေးဖို့ရယ် ရုရှားဆေးကို အားကိုးပြီး နိုင်ငံရေးအတွက် အသုံးချဖို့ ကိုဗစ် attack ပြုလုပ်ပြီး စစ်ဆင်ခဲ့ပေမယ့်

ရုရှားနဲ့ ချီးနားဆေးဟာ သောက်သုံးမဝင်ကြောင်း ကမ္ဘာ့စာမျက်နှာတွေမှာ အထင်သားပလူပျံနေပေမယ့် ဘာမှမသိမတတ်နားမလည်တဲ့ မအလတို့ကရုရှားကို အထင်ကြီးပြိး တပ်တွင်းထိုးထားသမျှ ထိုးပြီး ပြည်သူကို attack လုပ်သမျှ အခု သူတို့ပါအကုန် ကူးစပ် ခံနေကြရပြီဆိုတော့ တပ်ထဲမှာ ပေါက်ကွဲတင်းပြီး မအလကို သတ်ချင်သူ များလာနေမှာ အသေချာပဲ

ဒီတော့အခု

– ငလျင်ကြောင့် မင်းပြောင်းမင်းလွဲ ယတြာရယ်

– တပ်တွင်း မကျေနပ်မှု (ငဗစ်ကြောင့်) ထိုင်ခုံနဲ့နေရာလှုပ်လာလို့ ပုန်ကန်မှာစိုးလို့

– UN ကို အစိုးရပုံသဏ္ဍန် အသစ်ဟန် ချည်းကပ်ဖို့

– သူအာဏာမြဲဖို့နဲ့ ဆက်လျက် ယူထားဖို့အစီစဉ် ပလန်တွေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အဓိကက ပြည်သူကို မထိန်းချုပ် မအုပ်စိုးနိုင်သေးမှုနဲ့ စစ်ရေးနဲ့ကိုဗစ်ကြောင့် တပ်တွင်း ‌မကျေနပ်မှုကနေ ပုန်ကန်ထကြွ မလာအောင် ခုလို တပ်တွင်းအတွက် မိန့်ခွန်းပြောပြီး ပြည်သူကို အသိပေး ခြိမ်းခြောက်ဟန်လုပ်ပြနေတယ်ဆိုတာ သိရင်
သေချာပါတယ် မကြာပါဘူး

မအလ မအေယို့မျိုး သူပြောတဲ့ ၂၀၂၃တော့ မရောက်ဘူး နောက်ထပ် ၂၃ရက်နေရ ကံကောင်းပဲ ဒါကြောင့် အသည်းသန်ခဲမှန်နဲ့ မိန့်ခွန်းထပြော ချုပ်နေတာ နောက် ခု KIA ကို စစ်ရေးတွေ ပို့နေ တိုက်နေတယ်ဆိုတာကလည်း တပ်တွင်းပုန်ကန်မှုနဲ့ ဆူပူမှုဖြစ်မှာစိုးလို့ အကုန် ရှေ့ပို့ပြီး အာရုံလွဲ စစ်ဆင် ခိုင်းလိုက်တာပဲ

ဒါမှ တပ်တွင်း ခွာပြဲနေမှု ငြိမ်ကျပြီး တာဝန်အရဆိုပြီး စစ်ရေးနဲ့ အာရုံလွှဲထားနိုင်သလို နောက်ကွယ်ကနေ သူတို့ လုပ်ချင်သလို လုပ်လို့ရမယ်ဆိုတာ ခုလို စစ်ရေးနဲ့ ဖြဲပြပြီး သူတို့အနိုင်ဖြစ်နေဟန် အင်အားကြီးလေဟန်ကိုလည်း ပြသရာရောက်ပြီး EAOsတွေနဲ့ PDFတွေကို ခြိမ်းခြောက်ပြီးသား NUG ကို အကန်ပြန်လုပ်ထားစေပြီးသားဖြစ်တဲ့အတွက်

သေချာတာက မအလ ပြာယာခတ်နေပြီး သွေးပျက်နေပြီဆိုတာ ဒီနေ့ သူ့မိန့်ခွန်းနဲ့ သောက်ခွက်ကိုကြည့်ရင် ဒီထပ် အကောင်ကြီးတွေနဲ့ မယားဆွေမျိုးတွေ ငဗစ်ကိုက် သေနေတာကို ကြည့်ရင် တပ်တွင်း အစည်းပြေနေမှုနဲ့ အချင်းချင်း နာကျည်းမှုတွေ ကိုက်နေမှုတွေ ပိုမိုပေါ်လွင်နေတယ်ဆိုတာ သေချာထင်ရှားလာနေပြီဖြစ်တဲ့အတွက်

တပ်တွင်းအက်ကြောင်း နံရံရေထိန်းတံခါးကြီး ဘယ်တော့ ပြိုလဲဆင်းတော့မလဲဆိုတာ အချိန်သိပ်ကြာမယ် မထင်ပါဗျာ အဲ့ဒီအတွက်_ လိုဖြစ်ဖို့ ပြည်သူ ခုလို တောင့်ခံပြီး ဆက်လျက် တွန်းလှန်နေမှ ဖြစ်မယ်ဆိုတာ အရေးတော်ပုံ အောင်နေပြီ ခု ခြံစောင့် ခွေးဘ၀ ပြောင်းသွားလို့ သူတို့က ခု ပြည်သူကို ဂျင်းထည့် ခြိမ်းခြောက်ထားတာ နှစ်ချက်ပဲရှိတယ်

– တျုတ်ပိုက်လိုင်းကို မလုပ်ရဲဘူး လုပ်ရင် တျုတ်တပ်တွေ ဝင်လာမယ်ဆိုတာနဲ့

– သူတို့မှာ လက်နက်ကြီးတွေ လေယာဉ်တွေ ရှိတယ်

ဒါကြောင့် ပြည်သူ D Day မစရဲသေး သူတို့ကို မတိုက်ရဲတာဟု ဆိုတဲ့ နှစ်ချက်နဲ့ ဟန်ဆောင်ဖိန့် ဂျင်းနေတာ အဲ့နှစ်ချက်ကို ကျော်လွှားနိုင်ရင် ဒီပွဲ ပြည်သူ ချက်ခြင်း အောင်မြင်ပြီဟု။

မင်းကြည်ညိုနေ