ဓါတ္ပုံရိုက္ေပးမယ္ဟု ေခၚကာ အဓၶမျပဳက်င့္ၿပီး ခ်ိန္းေျခာက္သည့္အမႈ ကာယကံရွင္ေျပာၿပီ

ဓါတ္ပုံရိုက္ေပးမယ္ဟု ေခၚကာ အဓၶမျပဳက်င့္ၿပီး ခ်ိန္းေျခာက္သည့္အမႈ ကာယကံရွင္ေျပာၿပီ

ရန္ကုန္ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ အမ်ိဳးသမီးငယ္တစ္ဦးကို ဓါတ္ပုံရိုက္ေပးမည္ဟုဆိုကာ ဓါတ္ပုံဆရာတစ္ဦးႏွင့္ အေဖာ္က အဓၶမျပဳက်င့္ခဲ့ေၾကာင္း အျပဳလုပ္ခံရသူ ကာယကံရွင္အမ်ိဳးသမီးက က်ဳးလြန္သူမ်ား၏ နာမည္မ်ားႏွင့္တကြ သူမ၏ လူမႈကြန္ရက္မွတဆင့္ ရဲရဲတင္းတင္း ေျပာဆိုလိုက္ပါတယ္။

အေစာပိုင္းတြင္ ကာယကံရွင္ အမ်ိဳးသမီးက သူ၏ သူငယ္ခ်င္း၏ လူမႈကြန္ရက္စာမ်က္ႏွာမွ တဆင့္ နာမည္မ်ားကိုမေဖာ္ျပပြဲ ဓါတ္ပုံဆရာတစ္ဦးအေနျဖင့္သာ ျဖစ္စဥ္ကို ျဖန႔္ေဝခိုင္းခဲ့တယ္။ ဒါေပမဲ့ ေနာက္ပိုင္းတြင္ သူမွ ေငြလိုခ်င္လို႔ ေငြညွစ္ေနေၾကာင္း အဓၶမျပဳက်င့္ခဲ့သူမ်ားဖက္မွ မဟုတ္သတင္းမ်ား လႊင့္လာ၍ ယခုကဲ့သို႔ သူကိုယ္တိုင္ဖြင့္ေျပာခဲ့ျခင္းျဖစ္ေၾကာင္း ရွင္းျပထားပါသည္။

ထို႔အတူ သီဟႏွင့္ လမင္းသန႔္စင္ေခၚ အမ်ိဳးသား ၂ ဦးမွ သူမအား ဓာတ္ပုံရိုက္ေမးမယ္ဟုဆိုက ခ်ဳပ္၍ တစ္ေယာက္တလွည့္ အဓၶမျပဳက်င့္ခဲ့ေၾကာင္း၊ ထိုကိစၥကို ဘယ္သူ႕အွမေျပာဖို႔ သူ႕ကိုခ်ိမ္းေျခာက္ျခင္း၊ ေဆးေသာက္ခိုင္းျခင္း၊ သိဟဆိုသူမွ သူ႕အားတြန္းၿပီးရိုက္ဖို႔႐ြယ္ခဲ့ျခင္းမ်ားကိုပါ ေျပာျပထားပါတယ္။

ထို႔အျပင္ အဓၶမျပဳက်င့္မႈအေၾကာင္း ပို႔စ္တင္ေသာ သူ၏ သူငယ္ခ်င္းကို အသေရဖ်က္မႈႏွင့္ တရားစြဲမယ္လို႔ဆိုေသာ သူမ်ားကိုလည္း အမႈကိစၥအား သူကိုယ္တိုင္တင္ခိုင္းျခင္းျဖစ္ေၾကာင္း ေျပာျပထားပါတယ္။ သူ႕အေနျဖင့္ သီဟႏွင့္သာ သိကြၽမ္းၿပီး လမင္းသန႔္စင္အား မီးထိုးေပးမယ့္သူအျဖစ္ အမႈမျဖစ္ခင္ နာရီဝက္အလိုမွ ေတြ႕ဖူးတယ္လို႔ ဆိုတယ္။

သူ႕အေနျဖင့္ အမႈအား ညွီႏွိုင္းေပးမွာမဟုတ္သလို အဓၶမျပဳက်င့္သူ၂ ဦးအားခြင့္လႊတ္မွာ မဟုတ္လို႔လည္း ေျပာထားပါတယ္။ အခုလို တရားဥပေဒ စိုးမိုးမႈမရွိတဲ့ အခ်ိန္ကာလမွာ ဒီအဓၶမျပဳက်င့္ခံရမႈကို ရဲစခန္းမွာ တိုင္ခ်က္ဖြင့္လို႔ ရမရကိုေတာ့ မသိရေသးပါ။

Credit

Unicode

ဓါတ်ပုံရိုက်ပေးမယ်ဟု ခေါ်ကာ အဓ္ဓမပြုကျင့်ပြီး ချိန်းခြောက်သည့်အမှု ကာယကံရှင်ပြောပြီ

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦးကို ဓါတ်ပုံရိုက်ပေးမည်ဟုဆိုကာ ဓါတ်ပုံဆရာတစ်ဦးနှင့် အဖော်က အဓ္ဓမပြုကျင့်ခဲ့ကြောင်း အပြုလုပ်ခံရသူ ကာယကံရှင်အမျိုးသမီးက ကျုးလွန်သူများ၏ နာမည်များနှင့်တကွ သူမ၏ လူမှုကွန်ရက်မှတဆင့် ရဲရဲတင်းတင်း ပြောဆိုလိုက်ပါတယ်။

အစောပိုင်းတွင် ကာယကံရှင် အမျိုးသမီးက သူ၏ သူငယ်ချင်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် နာမည်များကိုမဖော်ပြပွဲ ဓါတ်ပုံဆရာတစ်ဦးအနေဖြင့်သာ ဖြစ်စဥ်ကို ဖြန့်ဝေခိုင်းခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းတွင် သူမှ ငွေလိုချင်လို့ ငွေညှစ်နေကြောင်း အဓ္ဓမပြုကျင့်ခဲ့သူများဖက်မှ မဟုတ်သတင်းများ လွှင့်လာ၍ ယခုကဲ့သို့ သူကိုယ်တိုင်ဖွင့်ပြောခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြထားပါသည်။

ထို့အတူ သီဟနှင့် လမင်းသန့်စင်ခေါ် အမျိုးသား ၂ ဦးမှ သူမအား ဓာတ်ပုံရိုက်မေးမယ်ဟုဆိုက ချုပ်၍ တစ်ယောက်တလှည့် အဓ္ဓမပြုကျင့်ခဲ့ကြောင်း၊ ထိုကိစ္စကို ဘယ်သူ့အှမပြောဖို့ သူ့ကိုချိမ်းခြောက်ခြင်း၊ ဆေးသောက်ခိုင်းခြင်း၊ သိဟဆိုသူမှ သူ့အားတွန်းပြီးရိုက်ဖို့ရွယ်ခဲ့ခြင်းများကိုပါ ပြောပြထားပါတယ်။

ထို့အပြင် အဓ္ဓမပြုကျင့်မှုအကြောင်း ပို့စ်တင်သော သူ၏ သူငယ်ချင်းကို အသရေဖျက်မှုနှင့် တရားစွဲမယ်လို့ဆိုသော သူများကိုလည်း အမှုကိစ္စအား သူကိုယ်တိုင်တင်ခိုင်းခြင်းဖြစ်ကြောင်း ပြောပြထားပါတယ်။ သူ့အနေဖြင့် သီဟနှင့်သာ သိကျွမ်းပြီး လမင်းသန့်စင်အား မီးထိုးပေးမယ့်သူအဖြစ် အမှုမဖြစ်ခင် နာရီဝက်အလိုမှ တွေ့ဖူးတယ်လို့ ဆိုတယ်။

သူ့အနေဖြင့် အမှုအား ညှီနှိုင်းပေးမှာမဟုတ်သလို အဓ္ဓမပြုကျင့်သူ၂ ဦးအားခွင့်လွှတ်မှာ မဟုတ်လို့လည်း ပြောထားပါတယ်။ အခုလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အချိန်ကာလမှာ ဒီအဓ္ဓမပြုကျင့်ခံရမှုကို ရဲစခန်းမှာ တိုင်ချက်ဖွင့်လို့ ရမရကိုတော့ မသိရသေးပါ။