ေျခေထာက္ႏွစ္ဖက္စလုံးမရွိေပမဲ့ ဘဝကို ရိုးသားေျဖာင့္မတ္စြာ အသက္ေမြးဝမ္းေက်ာင္းျပဳေနတဲ့ အမ်ိဳးသားတစ္ဦး

ေျခေထာက္ႏွစ္ဖက္စလုံးမရွိေပမဲ့ ဘဝကို ရိုးသားေျဖာင့္မတ္စြာ အသက္ေမြးဝမ္းေက်ာင္းျပဳေနတဲ့ အမ်ိဳးသားတစ္ဦး

မၾကာေသးခင္က အင္တာနက္သုံးစြဲသူ Jansen Sangueza အမည္ရွိအမ်ိဳးသားဟာ ေျခေထာက္ႏွစ္ဖက္စလုံးမရွိေပမဲ့ ရိုးသားစြာႀကိဳးစားလုပ္ကိုင္ၿပီး အသက္ေမြးေနတဲ့အမ်ိဳးသားတစ္ဦးရဲ႕ဓာတ္ပုံမ်ားကို ေဝမွ်ခဲ့ပါတယ္။

Jansen Sangueza တို႔အဖြဲ႕ဟာ ဖိလစ္ပိုင္နိုင္ငံေျမာက္ပိုင္း Ilocos Norte ျပည္နယ္သို႔ foam beds မ်ားသြားပို႔ေနစဥ္ သူတို႔ရဲ႕ကုန္တင္ကားႀကီးက ဘီးေပါက္သြားခဲ့ပါတယ္။ကံေကာင္းတာကေတာ့ သူတို႔မွာ ဘီးတစ္ခုအပိုပါတဲ့အျပင္ အနီးနားမွာ vulcanizing ကားျပင္ဆိုင္တစ္ဆိုင္ကို ေတြ႕ရွိခဲ့ရပါတယ္။

သို႔ေပမယ့္ ၎ဆိုင္မွထြက္လာတဲ့ ေျခေထာက္ႏွစ္ဖက္စလုံးမရွိတဲ့အမ်ိဳးသားတစ္ဦးကို သူတို႔ျမင္လိုက္တဲ့အခါမွာ သူတို႔ဟာ ဘာလုပ္လို႔ဘာကိုင္ရမွန္းေတာင္ မသိျဖစ္သြားခဲ့ရပါတယ္။သို႔ေပမယ့္ အဆိုပါမသန္စြမ္းအမ်ိဳးသားက ၎တို႔ကို အံ့ဩေလးစားသြားေအာင္ လုပ္ျပသြားခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားဟာ သူ႕ရဲ႕အလုပ္မွာ အရမ္းကြၽမ္းက်င္လြန္းေနတာေၾကာင့္ ကားဘီးကို အခ်ိန္တိုေလးအတြင္းမွာတင္ ျပင္နိုင္ခဲ့ပါတယ္။အဆိုပါအမ်ိဳးသားက သူ႕ရဲ႕ဇနီးျဖစ္သူနဲ႕ကေလးႏွစ္ေယာက္အတြက္ သူဟာ ၎အလုပ္ျဖင့္သာ အသက္ေမြးဝမ္းေက်ာင္းျပဳေနေၾကာင္း သိရွိရပါတယ္။

ထရပ္ကားရဲ႕ဘီးကို လဲဖို႔လုပ္ေနတဲ့ အဆိုပါအမ်ိဳးသားရဲ႕ဓာတ္ပုံမ်ားကို Jansen Sangueza က ျပန္လည္မွ်ေဝေပးခဲ့ၿပီးေနာက္မွာ အဆိုပါအမ်ိဳးသားရဲ႕သတင္းအား social media ေပၚမွာ လ်င္ျမန္စြာ ပ်ံ့ႏွံ႕သြားခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားဟာ ကိုယ့္ရဲ႕မသန္စြမ္းမႈျဖင့္ လူေတြထံမွပိုက္ဆံေတာင္းတဲ့နည္းလမ္းကိုသုံးမယ့္အစား သူဟာ ရိုးသားေျဖာင့္မတ္စြာ ကိုယ္တိုင္ဝင္ေငြရွာေနခဲ့ပါတယ္။ဒါဟာ လူတိုင္းအတြက္ အံ့ဩစရာေကာင္းတဲ့လႈံ႕ေဆာ္မႈတစ္ခုအျပင္ စံနမူနာထားသင့္တဲ့အရာတစ္ခုျဖစ္ပါတယ္။

ထို႔အျပင္ social media ေပၚမွ လူမ်ားစြာကလည္း အဆိုပါအမ်ိဳးသားအား ေလးစားခ်ီးက်ဴးေနတဲ့အေၾကာင္းမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။Sangueza ဟာ သူက အဆိုပါအမ်ိဳးသားနဲ႕ထပ္ေတြ႕နိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး သူ႕ရဲ႕အလုပ္ကို ႀကိဳးစားလုပ္ကိုင္ေနတဲ့အဆိုပါအမ်ိဳးသားကိုလည္း ေလးစားအားက်မိေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။

Credit

Unicode

ခြေထောက်နှစ်ဖက်စလုံးမရှိပေမဲ့ ဘဝကို ရိုးသားဖြောင့်မတ်စွာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အမျိုးသားတစ်ဦး

မကြာသေးခင်က အင်တာနက်သုံးစွဲသူ Jansen Sangueza အမည်ရှိအမျိုးသားဟာ ခြေထောက်နှစ်ဖက်စလုံးမရှိပေမဲ့ ရိုးသားစွာကြိုးစားလုပ်ကိုင်ပြီး အသက်မွေးနေတဲ့အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံများကို ဝေမျှခဲ့ပါတယ်။

Jansen Sangueza တို့အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း Ilocos Norte ပြည်နယ်သို့ foam beds များသွားပို့နေစဉ် သူတို့ရဲ့ကုန်တင်ကားကြီးက ဘီးပေါက်သွားခဲ့ပါတယ်။ကံကောင်းတာကတော့ သူတို့မှာ ဘီးတစ်ခုအပိုပါတဲ့အပြင် အနီးနားမှာ vulcanizing ကားပြင်ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့ရပါတယ်။

သို့ပေမယ့် ၎င်းဆိုင်မှထွက်လာတဲ့ ခြေထောက်နှစ်ဖက်စလုံးမရှိတဲ့အမျိုးသားတစ်ဦးကို သူတို့မြင်လိုက်တဲ့အခါမှာ သူတို့ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိဖြစ်သွားခဲ့ရပါတယ်။သို့ပေမယ့် အဆိုပါမသန်စွမ်းအမျိုးသားက ၎င်းတို့ကို အံ့ဩလေးစားသွားအောင် လုပ်ပြသွားခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ သူ့ရဲ့အလုပ်မှာ အရမ်းကျွမ်းကျင်လွန်းနေတာကြောင့် ကားဘီးကို အချိန်တိုလေးအတွင်းမှာတင် ပြင်နိုင်ခဲ့ပါတယ်။အဆိုပါအမျိုးသားက သူ့ရဲ့ဇနီးဖြစ်သူနဲ့ကလေးနှစ်ယောက်အတွက် သူဟာ ၎င်းအလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေကြောင်း သိရှိရပါတယ်။

ထရပ်ကားရဲ့ဘီးကို လဲဖို့လုပ်နေတဲ့ အဆိုပါအမျိုးသားရဲ့ဓာတ်ပုံများကို Jansen Sangueza က ပြန်လည်မျှဝေပေးခဲ့ပြီးနောက်မှာ အဆိုပါအမျိုးသားရဲ့သတင်းအား social media ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ကိုယ့်ရဲ့မသန်စွမ်းမှုဖြင့် လူတွေထံမှပိုက်ဆံတောင်းတဲ့နည်းလမ်းကိုသုံးမယ့်အစား သူဟာ ရိုးသားဖြောင့်မတ်စွာ ကိုယ်တိုင်ဝင်ငွေရှာနေခဲ့ပါတယ်။ဒါဟာ လူတိုင်းအတွက် အံ့ဩစရာကောင်းတဲ့လှုံ့ဆော်မှုတစ်ခုအပြင် စံနမူနာထားသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

ထို့အပြင် social media ပေါ်မှ လူများစွာကလည်း အဆိုပါအမျိုးသားအား လေးစားချီးကျူးနေတဲ့အကြောင်းများကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။Sangueza ဟာ သူက အဆိုပါအမျိုးသားနဲ့ထပ်တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး သူ့ရဲ့အလုပ်ကို ကြိုးစားလုပ်ကိုင်နေတဲ့အဆိုပါအမျိုးသားကိုလည်း လေးစားအားကျမိကြောင်း ပြောကြားခဲ့ပါသေးတယ်။