သင့်ချစ်သူဟာ တခြားတစ်ယောက်ဆီ စိတ်ရောက်နေမှန်း သိသာတဲ့ လက္ခဏာ (၅)မျိုး

သင့်ချစ်သူဟာ တခြားတစ်ယောက်ဆီ စိတ်ရောက်နေမှန်း သိသာတဲ့ လက္ခဏာ (၅)မျိုး

အချစ်ရေးတစ်ခုဟာ နှစ်ဦးနှစ်ယောက်နဲ့ တည်ဆောက်ထားရတဲ့ နှစ်ယောက်ပိုင် ကမ္ဘာလေးတစ်ခုဆိုလည်း မမှားပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဂရုစိုက်ခြင်း၊ ချစ်ခြင်း၊ စွဲလန်းခြင်းတွေရှိမှာ အချစ်ရေးတစ်ခုက အဆင်ပြေသလို ရှေ့ဆက်လို့ရတာပါ။

ဒါပေမယ့်လည်း တစ်ဖက်ဖက်က ချစ်ခြင်းတွေ လျော့လာတယ်၊ စိတ်ဝင်စားမှုတွေ လျော့လာတယ်၊ အာရုံက တခြားကိုပဲ ပျံ့လွင့်နေတော့မယ်ဆိုရင်တော့

ဒီအချစ်ရေးတစ်ခုဟာ ရှေ့ဆက်လို့ မရတော့ပါဘူး။ ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူဟာ သင့်ဆီမှာ စိတ်မရှိတော့ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်

၁-ပြောစရာစကားတွေမရှိဘူး

သင်တို့နှစ်ယောက်ကြားမှာ ပြောစရာကိစ္စတွေ၊ အကြောင်းအရာတွေ မရှိဘူး။စကားဝိုင်းဟာ တိတ်ဆိတ်နေပြီး သင့်ချစ်သူက ဖုန်းနဲ့ပဲ တစ်ချိန်လုံး ဂိမ်းဆော့နေတာမျိုး၊ သင့်အကြောင်းကို

ဘာမှမေးမြန်းခြင်း မလုပ်တာမျိုးတွေက သင့်အကြောင်းကို သူစိတ်မဝင်စားတော့ဘူးဆိုတာ ဖော်ပြနေတဲ့ လက္ခဏာဖြစ်တာကြောင့် ကောင်းတဲ့ လက္ခဏာတော့မဟုတ်ပါဘူး။

၂-အမြဲတမ်းအကြောင်းပြချက်ပေးတယ်

သင့်ချစ်သူဟာ သင်နဲ့တွေ့ဖို့ ဒါမှမဟုတ် သင်နဲ့အတူတူ အချိန်ဖြုန်းဖို့အတွက် တခြားအကြောင်းပြချက်တွေ အမြဲတမ်းပေးတယ်၊ တွေ့ဖို့ အဆင်မပြေကြောင်း မအားကြောင်းတွေ ပြောတတ်တယ်ဆိုရင်တော့ သင့်အနားမှာ လုံးဝမနေချင်တော့တာ၊ သင့်ကို ငြီးငွေ့သွားတာဖြစ်နိုင်ပါတယ်

၃- မပြေလည်မှုတွေကို ဖြေရှင်းဖို့ မကြိုးစားဘူး

အချစ်ရေးတစ်ခုမှာ ပြဿနာတွေ ကြုံလာတဲ့အခါမျိုးတွေ၊ တစ်ဦးနဲ့တစ်ဦးကြားမှာ နားလည်မှုတွေလွဲနေတဲ့အချိန်မျိုးတွေမှာ တကယ်ချစ်တဲ့သူကတော့ ပြဿနာတွေကို ပြေလည်တဲ့အထိ ကြိုးစားသွားမှာပါ။

ဒါပေမယ့် သင့်ချစ်သူဟာ သင်မကြိုက်တဲ့အရာတွေကိုလည်း မပြင်ဘူး၊ သင်တို့ကြားက မပြေလည်မှုတွေကိုလည်း ဖြေရှင်းဖို့ မကြိုးစားဘူး၊ သင်နဲ့ပြတ်သွားလည်း ဂရုမစိုက်ဘူးဆိုတဲ့ အထာမျိုး ဖမ်းနေရင်တော့ သူ့ရဲ့စိတ်တွေက သင့်ဆီမှာရှိမနေတော့ပါဘူး။

၎- အရင်နဲ့မတူတော့ဘူး

အရင်ကလို၊ ချစ်ကြင်နာခါစကလို ရင်ခုန်စရာတွေ၊ ပျော်ရွှင်စရာတွေနဲ့ စိတ်လှုပ်ရှားစရာတွေ သင်တို့ နှစ်ယောက်ကြားမှာ မရှိတော့ပါဘူး။သင့်ကို ချစ်ကြင်နာစကလို အလိုလိုက်တာတွေ၊ အလျှော့ပေးတာတွေ၊ ဦးစားပေးတာတွေ မလုပ်တော့တဲ့အပြင်

တခြားသူတွေကိုပဲ အာရုံစိုက်နေတယ်၊ တခြားသူတွေဆီမှာပဲ အာရုံရောက်နေတယ်၊ တခြားသူတွေကိုသာ ဦးစားပေးနေတယ်ဆိုရင်တော့ သင့်ချစ်သူရဲ့ စိတ်တွေက သင့်ဆီမှာရှိမနေတော့ပါဘူး။

၅- သင့်ကိုအမြဲအပြစ်တင်တယ်

သင်တို့နှစ်ယောက်ကြားက ပြဿနာတွေအားလုံးမှာ သင့်ကိုပဲ အပြစ်ပုံချတယ်၊ သင့်ကို အမြဲတမ်းအပြစ်တင်တယ်ဆိုရင်တော့ ဒါဟာ မဖြစ်သင့်ပါဘူး။သင့်ကို လေးစားမှုလည်းမရှိသလို၊ အမြဲတမ်း အပြစ်တင်နေတတ်တယ်၊ သင်က သူ့အလိုကို

အမြဲလိုက်ပြီး သူ့မျက်နှာရိပ်ကဲကို အမြဲကြည့်နေရတယ်ဆိုရင်တော့ သင့်ကို သူအရင်လို မချစ်တော့တာလည်း ဖြစ်နိုင်သလို၊ သူ့ရဲ့စိတ်တွေက သင့်ဆီမှာ မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။