ဘီယာေသာက္ျခင္းက နိုင္ငံျခားဘာသာစကား ေျပာဆိုရာတြင္ စြမ္းရည္ ျမင့္တက္ေစ

ဘီယာေသာက္ျခင္းက နိုင္ငံျခားဘာသာစကား ေျပာဆိုရာတြင္ စြမ္းရည္ ျမင့္တက္ေစ

ဘီယာေသာက္သုံးထားေသာ အခ်ိန္တြင္ ေလ့လာသင္ယူထားေသာ နိုင္ငံျခား ဘာသာစကားမ်ား ေျပာၾကားျခင္း စြမ္းရည္က သာမန္အခ်ိန္ထက္ ပိုေကာင္းလာေၾကာင္း သုေတသနသီမ်ား ေလ့လာေတြ႕ရွိထားၾကၿပီ ျဖစ္သည္ ။ဘီယာအနည္းငယ္ ေသာက္သုံးထားျခင္းျဖင့္ နိုင္ငံျခားဘာသာနဲ႕ ေျပာဆို ဆက္ဆံရာတြင္ ပိုမိုေခ်ာေမြစြာ စကားေျပာနိုင္ျခင္းကို အေထာက္ကူ ျဖစ္ေစေၾကာင္း ေလ့လာသူ သုေတသီမ်ားက အႀကံျပဳထားပါတယ္ ။

သာမန္အခ်ိန္မွာ နိုင္ငံျခားဘာသာစကားေတြကို ေျပာတဲ့အခါ ကြၽန္မတို႔ရဲ႕နာ့ဗ္ေၾကာေတြက အေတာ္ေလးဒုကၡေပးတတ္တယ္ အဲဒီအခက္ခဲကို အယ္လ္ကိုေဟာလ္က ေလ်ာ့ခ်ေပးနိုင္ပါတယ္လို႔ လီဗာပူးတကၠသိုလ္က သုေတသီ

Inge Kersbergen က ေျပာထားပါတယ္ ။အယ္လ္ကိုေဟာလ္ အနည္းငယ္ ေသာက္ထားတဲ့အခ်ိန္မွာ ဘာေၾကာင့္မို႔ နိုင္ငံျခားဘာသစကား ေျပာတဲ့ စြမ္းရည္တက္လာတာလဲ ဆိုတာကိုပါ သူက ရွင္းျပပါတယ္ ။

Inge Kersbergen ဟာ သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕အတူ နယ္သာလန္နဲ႕ ဂ်ာမဏီနိုင္ငံ နယ္စပ္အနီးမွာရွိတဲ့ Maastricht တကၠသိုလ္မွာ ဂ်ာမန္စကားေျပာသူေတြကို အုပ္စုအစု ၅၀ ခြဲၿပီးစမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္ သူတို႔ေတြဟာ ဒတ္ခ်္ဘာသာစကားကို ေလ့လာေနၾကသူေတြလည္းျဖစ္ပါတယ္ ။

သုေတသီေတြက အခ်ိဳ႕လူေတြကို ဘီယာတိုက္ (ခႏၶာကိုယ္ အေလးခ်ိန္ေပၚ မူတည္ၿပီး အနည္းအမ်ားကြာပါတယ္ ) အခ်ိဳ႕သူေတြကိုေတာ့ ရိုးရိုးေရပဲ တိုက္ၿပီး ဒတ္ခ်္ဘာသာ စကားေျပာတဲ့သူေတြနဲ႕ အင္တာဗ်ဴး အေမးအေျဖ ျပဳလုပ္ၿပီး စမ္းသပ္ခဲ့ၾကပါတယ္ ။

အဲဒီေနာက္ အင္တာဗ်ဴးသူ ဒတ္ခ်္ဘာသာ ကြၽမ္းက်င္သူေတြဆီက ဘာသာစကားစြမ္းရည္ ရမွတ္ေတြကို ျပန္စစ္ေဆးၾကတဲ့အခါ ဘီယာေသာက္ၿပီး အင္တာ

ဗ်ဴးေျဖခဲ့ၾကတဲ့ သူေတြက ဘာသာစကား ကြၽမ္းက်င္မႈမွာ အမွတ္မ်ားမ်ား ရေနတာကို ေတြ႕ခဲ့ရပါတယ္ ။

နိုင္ငံျခား ဘာသာစကားေျပာဖို႔ သင္ဆီမွာ စိုးရိမ္စိတ္ေတြ ရွိေနတဲ့အခါ စကားတစ္ခြန္းေျပာထြက္ဖို႔ အခ်ိန္အၾကာႀကီး ယူရပါတယ္ ၊ အယ္လ္ကိုေဟာလ္ က စိုးရိမ္စိတ္ေတြ ေၾကာက္စိတ္ေတြကို ဖယ္ရွားတဲ့ေနရာမွာ အေထာက္အကူ ျဖစ္ေစတာေၾကာင့္ ေသာက္ထားတဲ့အခါ

သြက္သြက္လက္လက္ႀကီး စကားေတြ ေျပာနိုင္တာျဖစ္တယ္လို႔ Inge Kersbergen ကရွင္းျပခဲ့ပါတယ္ ဒါေပမယ့္လည္း အနည္းငယ္ေသာက္သုံးျခင္းကသာ အေထာက္အကူ ျဖစ္ေစမွာျဖစ္ၿပီး အလြန္အကြၽံ ေသာက္သုံးပါက အမူလြန္ၿပီး စကားပင္ ပီသစြာ ေျပာဆိုနိုင္မွာမဟုတ္ေၾကာင္းလည္း သတိေပးထားပါတယ္ ။

Credit

Unicode

ဘီယာသောက်ခြင်းက နိုင်ငံခြားဘာသာစကား ပြောဆိုရာတွင် စွမ်းရည် မြင့်တက်စေ

ဘီယာသောက်သုံးထားသော အချိန်တွင် လေ့လာသင်ယူထားသော နိုင်ငံခြား ဘာသာစကားများ ပြောကြားခြင်း စွမ်းရည်က သာမန်အချိန်ထက် ပိုကောင်းလာကြောင်း သုတေသနသီများ လေ့လာတွေ့ရှိထားကြပြီ ဖြစ်သည် ။ဘီယာအနည်းငယ် သောက်သုံးထားခြင်းဖြင့် နိုင်ငံခြားဘာသာနဲ့ ပြောဆို ဆက်ဆံရာတွင် ပိုမိုချောမွေစွာ စကားပြောနိုင်ခြင်းကို အထောက်ကူ ဖြစ်စေကြောင်း လေ့လာသူ သုတေသီများက အကြံပြုထားပါတယ် ။

သာမန်အချိန်မှာ နိုင်ငံခြားဘာသာစကားတွေကို ပြောတဲ့အခါ ကျွန်မတို့ရဲ့နာ့ဗ်ကြောတွေက အတော်လေးဒုက္ခပေးတတ်တယ် အဲဒီအခက်ခဲကို အယ်လ်ကိုဟောလ်က လျော့ချပေးနိုင်ပါတယ်လို့ လီဗာပူးတက္ကသိုလ်က သုတေသီ

Inge Kersbergen က ပြောထားပါတယ် ။အယ်လ်ကိုဟောလ် အနည်းငယ် သောက်ထားတဲ့အချိန်မှာ ဘာကြောင့်မို့ နိုင်ငံခြားဘာသစကား ပြောတဲ့ စွမ်းရည်တက်လာတာလဲ ဆိုတာကိုပါ သူက ရှင်းပြပါတယ် ။

Inge Kersbergen ဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နယ်သာလန်နဲ့ ဂျာမဏီနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ Maastricht တက္ကသိုလ်မှာ ဂျာမန်စကားပြောသူတွေကို အုပ်စုအစု ၅၀ ခွဲပြီးစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ် သူတို့တွေဟာ ဒတ်ချ်ဘာသာစကားကို လေ့လာနေကြသူတွေလည်းဖြစ်ပါတယ် ။

သုတေသီတွေက အချို့လူတွေကို ဘီယာတိုက် (ခန္ဓာကိုယ် အလေးချိန်ပေါ် မူတည်ပြီး အနည်းအများကွာပါတယ် ) အချို့သူတွေကိုတော့ ရိုးရိုးရေပဲ တိုက်ပြီး ဒတ်ချ်ဘာသာ စကားပြောတဲ့သူတွေနဲ့ အင်တာဗျူး အမေးအဖြေ ပြုလုပ်ပြီး စမ်းသပ်ခဲ့ကြပါတယ် ။

အဲဒီနောက် အင်တာဗျူးသူ ဒတ်ချ်ဘာသာ ကျွမ်းကျင်သူတွေဆီက ဘာသာစကားစွမ်းရည် ရမှတ်တွေကို ပြန်စစ်ဆေးကြတဲ့အခါ ဘီယာသောက်ပြီး အင်တာဗျူးဖြေခဲ့ကြတဲ့ သူတွေက ဘာသာစကား ကျွမ်းကျင်မှုမှာ အမှတ်များများ ရနေတာကို တွေ့ခဲ့ရပါတယ် ။

နိုင်ငံခြား ဘာသာစကားပြောဖို့ သင်ဆီမှာ စိုးရိမ်စိတ်တွေ ရှိနေတဲ့အခါ စကားတစ်ခွန်းပြောထွက်ဖို့ အချိန်အကြာကြီး ယူရပါတယ် ၊ အယ်လ်ကိုဟောလ် က စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေကို ဖယ်ရှားတဲ့နေရာမှာ အထောက်အကူ ဖြစ်စေတာကြောင့် သောက်ထားတဲ့အခါ

သွက်သွက်လက်လက်ကြီး စကားတွေ ပြောနိုင်တာဖြစ်တယ်လို့ Inge Kersbergen ကရှင်းပြခဲ့ပါတယ် ဒါပေမယ့်လည်း အနည်းငယ်သောက်သုံးခြင်းကသာ အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး အလွန်အကျွံ သောက်သုံးပါက အမူလွန်ပြီး စကားပင် ပီသစွာ ပြောဆိုနိုင်မှာမဟုတ်ကြောင်းလည်း သတိပေးထားပါတယ်